Bundesliga

ဒေါ့မွန်အတွက် ပြန်ကစားနိုင်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့ ဆန်ချို

အခုအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ အသင်းဟောင်း ဒေ့ါမွန်အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာတင် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းက ဒမ်စတက်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဆန်ချိုဟာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာပြီး အသင်းဖော် မာကိုရူးစ်သွင်းယူတဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာပါ။ဆန်ချိုဟာ သြဂုတ်လ ၂၆ ရက်ကတည်းက ပွဲတွေနဲ့ ဝေးကွာနေပေမယ့် ဒေါ့မွန်အသင်းကို အရောက်မှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက “ကျနော်ဟာ ဒီကိုပြန်ရောက်ကတည်းက အိမ်ကိုရောက်နေတယ်လို့ ခံစားရပြီး ကွင်းထဲမှာ ပြန်ကစားရတာဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။အသင်းကိုထိပ်ဆုံး ၃ သင်းထဲဝင်ရောက်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးချင်ပါတယ်။တစ်ပွဲပြီးတစ်ပွဲသွားပြီး ပွဲတိုင်းကို တိုက်ပွဲဝင်သွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာက လိုက်ပ်ဇစ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ