Bundesliga

လေဗာကူဆင်ရဲ့ရှုံးပွဲမရှိစံချိန်ချိုးဖျက်ဖို့ ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုခဲ့တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်က ဒီနေ့ကစားမယ့် လေဗာကူဆင်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ လေဗာကူဆင်အသင်းရဲ့ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ဖို့ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောလိုက်ပါတယ်။

လေဗာကူဆင်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၃၀ ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ အကောင်းဆုံးပုံစံရရှိနေပြီး ဒီရာသီဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ မှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။တူချယ်လ်ကတော့ ကြားနေပရိသတ်တွေဟာ ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါမှာ ကြီးစိုးနေတာကို အဆုံးသတ်ဖို့ လိုလားပြီး လေဗာကူဆင်အသင်းကို ဆုဖလားရရှိစေချင်နေတယ်လို့ ပြောခဲ့ပါတယ်။

တူချယ်လ်က”အသင်း ၃၀ က သူတို့ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူမှမလုပ်နိုင်ခဲ့ပါဘူး။ဒီပွဲက ထူးခြားတဲ့ပွဲဖြစ်ပြီး ကျနော်တို့ ရမှတ် ၂ မှတ်ပဲလျော့နည်းတာပါ။ဒီပွဲဟာ ကျနော်တို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပြီး ကျနော်တို့အနိုင်ရဖို့ သွားနေတာဖြစ်ပါတယ်။ကျနော်တို့ဟာ လေဗာကူဆင်ကို ဆုဖလားရရှိစေချင်နေတဲ့ ကြားနေပရိသတ်အများအပြားနဲ့ ယှဉ်ပြိုင်နေရတာပါ။ကျနော်တို့ဟာ ဒီပွဲမှာ အကောင်းဆုံးလုပ်ပြသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာသာ လေဗာကူဆင်အသင်းအနိုင်ရခဲ့ရင် သူတို့ရဲ့ရှုံးပွဲမရှိစံချိန်ကို ဆက်ပြီးတိုးနိုင်မှာဖြစ်သလို ဘိုင်ယန်မြူးနစ်ကို ၅ မှတ်အသာရသွားမှာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းက အနိုင်ရသွားခဲ့ရင် လေဗာကူဆင်အသင်းရဲ့ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်ရောက်ရှိမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ