Bundesliga

ဘိုင်ယန်မြူးနစ်နဲ့အတူ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ်အသင်းက မိုချန်ဂလာဘတ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

ကစားသမားဘဝတစ်လျှောက်လုံး ဘိုင်ယန်မြူးနစ်အသင်းတစ်သင်းတည်းမှာသာ ကစားထားတဲ့ သောမတ်စ်မူလာဟာ ဒီရာစုနှစ်ထဲမှာ နိုင်ပွဲ ၅၀၀ ပြည့်တဲ့ ပထမဆုံး ဘိုင်ယန်မြူးနစ်အသင်းကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။သောမတ်မူလာဟာ ၂၀၀၈ ခုနှစ်ကတည်းက လူငယ်ကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်အသင်းမှာ ရှိခဲ့တာပါ။

အခုဆိုရင် သောမတ်မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် ပွဲပေါင်း ၆၉၀ ပါဝင်ကစားအပြီးမှာ နိုင်ပွဲ ၅၀၀ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျာမနီဝါရင့်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၃၇ ဂိုးသွင်းယူထားပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုအများအပြားရယူနိုင်ခဲ့တာပါ။

သောမတ်စ်မူလာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ မကြာသေးခင်ကမှ စာချုပ်သက်တမ်း ၁ နှစ်တိုးခဲ့တာကြောင့် သူဟာ ၂၀၂၅ ခုနှစ် ဇွန်လအထိ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ပြီးရှိနေတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ