Uncategorized

အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှာ နိုင်ပွဲဆက်ပြီး ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ လက်စတာ

လက်စတာအသင်းဟာ ဘရစ်စတိုးလ်အသင်းနဲ့ ကစားခဲ့တဲ့ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

လက်စတာအသင်းအတွက် တစ်လုံးထဲသောဂိုးကို တိုက်စစ်မှူး ဗာဒီက ပွဲချိန် ၆၇ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းယူသွားခဲ့တာပါ။လက်စတာအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာအစီး၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုအပိုင်းမှာ ဘရစ်စတိုးလ်အသင်းထက် အများအပြားသာခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးထဲသာ ရရှိခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက အစ်စဝှစ်ချ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နေတာပါ။ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ လက်စတာအသင်းကနေ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

လက်စတာအသင်းဟာ လာမယ့်ကြားရက်မှာ လီဗာပူးလ်အသင်းနဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest