ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့ပြီးနောက် နည်းပြဖြစ်သူ ရောဘတ်တိုမာတီးနက်ဇ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၁၈ နှစ်အရွယ်ကစားသမားတစ်ဦးလို ဆာလောင်နေတုန်းပဲလို့ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၁၀ ဂိုးသွင်းယူပြီး အသင်းကို ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။ရော်နယ်ဒိုဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိ ဆုဖလားအောင်မြင်မှုတွေရယူဖို့ ပစ်မှတ်ထားနေတာပါ။
ရောဘတ်တိုမာတီးနက်ဇ်က “ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်အရွယ်ကစားသမားတစ်ဦးလို ဆာလောင်နေတုန်းပါပဲ။သူက စံပြလည်းဖြစ်ပါတယ်။သူဟာ သွင်းဂိုးတွေကို ရယူနိုင်ဖို့အတွက် အမြဲတမ်းမှန်ကန်တဲ့နေရာမှာ ရှိနေဖို့ ကြိုးစားပါတယ်”လို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။