နည်းပြ အဲရစ်တန်ဟတ်ဟာ အတွေ့အကြုံရှိတဲ့သူတွေနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လုပ်ဆောင်နေတာကြောင့် ယူနိုက်တက်အသင်းဟာ အသလက်တီကိုအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီရာသီ ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟော့ဂျ်လန်း၊ ရက်ရှ်ဖိုဒ့်၊ မာရှယ်၊ ဂါနာချိုတို့ရဲ့ပရီးမီးယားလိဂ်စုစုပေါင်းသွင်းဂိုးဟာ ၁ ဂိုးသာရှိတာပါ။ဟော့ဂျ်လန်းဟာ ချန်ပီယံလိဂ်မှာ ၅ ဂိုးသွင်းယူထားပေမယ့် ပရီးမီးယားလိဂ်မှာတော့ အခုအချိန်ထိ ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်ပါတယ်။
ဂရစ်ဇ်မန်းဟာ ယူနိုက်တက်အသင်းရဲ့ပရိသတ်ဖြစ်ပြီး ၂၀၁၇ က အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်ခဲ့သေးတာပါ။ပြင်သစ်ကစားသမားဟာ ဒေးဗစ်ဘက်ခမ်းကို သဘောကျနှစ်သက်တဲ့သူဖြစ်တဲ့အတွက် ကျောနံပတ် ၇ ဂျာစီကို ဝတ်ဆင်နေတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ ပုံစံကောင်းတွေရရှိနေပြီး အသလက်တီကိုအသင်းအတွက် ၈ ဂိုးသွင်းယူထားပေမယ့် စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၂၂ သန်းသာရှိတာကြောင့် ယူနိုက်တက်အသင်းဟာ ဒီပမာဏကိုပေးချေပြီး ဝယ်ယူနိုင်တာပါ။ယူနိုက်တက်အသင်းဟာ ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ဖြစ်ခဲ့ရင် ယူနိုက်တက်အသင်းဟာ ဂရစ်ဇ်မန်းကို လုပ်ခလစာ ၃ ဆတိုးမြှင့်ပြီးပေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။