အင်တာမိုင်ယာမီအသင်းဟာ နက်ရှ်ဗေးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး လိဂ်ဖလားချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ပွဲချိန်အတွင်းမှာ ၁ ဂိုးစီသရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၁၀ ဂိုး- ၉ ဂိုးနဲ့ အင်တာမိုင်ယာမီအသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ အင်တာမိုင်ယာမီအသင်းသမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားဖြစ်ပြီး မက်ဆီဟာ ပြိုင်ပွဲအစကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်းဂိုးသွင်းယူကာ ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။မက်ဆီဟာ ဒီပြိုင်ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် မက်ဆီဟာ လိဂ်ဖလားပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးဆုကို ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီအတွက်တော့ အင်တာမိုင်ယာမီကစားသမားဘ၀ ပွဲဦးထွက်ဖလားမှာ ပထမဆုံးဆုဖလားရယူသွားနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေခဲ့ပေမယ့် လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကိုရယူခဲ့ပြီးနောက် လိဂ်ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံတွေ ပြန်လည်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။