မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ မေဂျာလိဂ်ရာသီအဆုံးသတ်ချိန်မှာ အငှားနဲ့ ထွက်ကစားမှာမဟုတ်ဘဲ အားလပ်ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းသွားမယ်လို့ ပြောလိုက်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ပလေးအောဖ့်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့တာကြောင့် ဒီတစ်ပတ်ကစားမယ့် ချာလော့အသင်းနဲ့ ပွဲစဉ်ပြီးရင် သူတို့ရဲ့မေဂျာလိဂ်ရာသီကို အဆုံးသတ်ရတော့မှာပါ။အဲ့ဒါကြောင့် မက်ဆီအနေနဲ့ သူ့ရဲ့ကြံ့ခိုင်မှုကို ဆက်ပြီးထိန်းနိုင်ဖို့အတွက် အသင်းဟောင်း ဘာစီလိုနာ ဒါမှမဟုတ် အခြားဥရောပအသင်းတွေထံ အငှားနဲ့ သွားရောက်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။
မက်ဆီကတော့ “အငှားမထွက်ဘဲ လေ့ကျင့်မှုတွေပြုလုပ်သွားမှာပါ။ချာလော့နဲ့ပွဲစဉ်ကို ဝင်ရောက်ကစားမှာဖြစ်ပြီး နိုဝင်ဘာလအတွက် အကောင်းဆုံးနည်းလမ်းနဲ့ လက်ရွေးစင်အသင်းထံ ရောက်ဖို့ ကြိုးစားသွားမှာပါ။ ဒါပြီးရင်တော့ အာဂျင်တီးနားမှာ အားလပ်ရက်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားမှာပါ”

“ဒီဇင်ဘာမှာ အားလပ်ရက်တွေအများဆုံးရတာက ပထမဆုံးအကြိမ်ဖြစ်ပြီး အားလပ်ရက်မှာ ကျွန်တော့်လူတွေနဲ့ စိတ်အေးလက်အေးဖြတ်သန်းသွားပါမယ်။ဇန်နဝါရီမှာတော့ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ ပြန်လာခဲ့မှာပါ။အစကနေပြန်စပြီးတတ်နိုင်သမျှ အကောင်းဆုံးလုပ်ဖို့ ပြင်ဆင်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကစားသမားဘ၀ ပထမဆုံးရာသီမှာ ၁၃ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူကာ လိဂ်ဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။