အယ်လ်နာဆာအသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူမယ့် လူးဝစ်ကတ်စထရိုက ရော်နယ်ဒိုကို ကိုင်တွယ်ဖို့ ပြင်ဆင်နေချိန်မှာ ပေါ်တူဂီကစားသမားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်နေဆဲပဲလို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှုနဲ့ ဝေးခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ နည်းပြသစ်အဖြစ် လူးဝစ်ကတ်စထရိုကို ခန့်အပ်ခဲ့ပြီး အသင်းအောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ဒါ့အပြင် အယ်လ်နာဆာအသင်းဟာ လူစာရင်းအင်အားတောင့်တင်းစေဖို့အတွက် ဘရိုဇိုဗစ်ကိုလည်း အားဖြည့်ခဲ့ပါတယ်။

ကတ်စထရိုက ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး “ကမ္ဘာပေါ်မှာ အကောင်းဆုံးကို နည်းပြအဖြစ်ကိုင်တွယ်ရတာက အမြဲတမ်းကောင်းပါတယ်။သူက အကောင်းဆုံးကစားသမားအဖြစ် ဒီအသင်းမှာ ရှိနေတာပါ။သူနဲ့ အလုပ်လုပ်ရမှာက ဝမ်းသာစရာပါပဲ”လို့ ဆိုခဲ့ပါတယ်။

အားလပ်ရက်ဖြတ်သန်းနေတဲ့ ရော်နယ်ဒိုဟာ မကြာခင်မှာ အယ်လ်နာဆာအသင်းနဲ့ ပူးပေါင်းပြီး ရာသီသစ်အတွက်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းအတွက် ၁၉ ပွဲပါဝင်ကစားပြီး ၁၄ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။