Uncategorized

လီဗာပူးလ်ကြယ်ပွင့်နဲ့ ချယ်လ်ဆီးအပယ်ခံကို အယ်လ်အီတီဖတ်အတွက် ဂျရတ်ပစ်မှတ်ထား

စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် အယ်လ်အီတီဖတ်အသင်းအတွက် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ချယ်လ်ဆီးအပယ်ခံ အူဘာမီယန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စတီဗင်ဂျရတ်ဟာ အစောပိုင်းက အယ်လ်အီတီဖတ်နည်းပြရာထူးကို ငြင်းဆန်ခဲ့ပေမယ့် ဆုံးဖြတ်ချက် ပြန်ပြောင်းသွားခဲ့ပြီး နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်ချုပ်ဆိုကာ တာဝန်ယူကိုင်တွယ်တော့မှာပါ။ဆော်ဒီကလပ်ကတော့ နာမည်ကြီးကစားသမား ၂ ဦးကို အသင်းထံ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် ဒီရာသီအသင်းက မက်အယ်လစ္စတာနဲ့ ဆာဘော့ဇ်လိုင်းတို့ကို ခေါ်ယူထားတာကြောင့် လာမယ့်ရာသီမှာ ပုံမှန်ကစားခွင့်ရဖို့ မသေချာတာဖြစ်ပါတယ်။ဒါ့အပြင် ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ဆုံးရှုံးနေတဲ့ အူဘာမီယန်းကိုလည်း ခေါ်ယူဖို့ ဆော်ဒီကလပ်က ပစ်မှတ်ထားနေတာပါ။

အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲဦးထွက်ရာသီမှာ ပွဲကစားခွင့်မရဖြစ်ခဲ့တာကြောင့် အခုနွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ရှိနေတာဖြစ်ပါတယ်။ချယ်လ်ဆီးကလည်း အူဘာမီယန်းကို အသင်းမှာဆက်ပြီးမထားချင်တော့တဲ့အတွက် အလွတ်နဲ့တောင် ထွက်ခွာခွင့်ပေးဖို့ အစီအစဉ်ရှိနေတာပါ။

အယ်လ်အီတီဖတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့လို့ လာမယ့်ရာသီမှာ အသင်းကို ပိုပြီးအောင်မြင်မှုရစေဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest