အခုနှစ်မေဂျာလိဂ်ပြိုင်ပွဲရဲ့မျက်နှာသစ်အကောင်းဆုံးကစားသမားဆုကို အတ္တလန်တာအသင်းကစားသမား ဂျီအာကိုမာကစ်က ရရှိသွားခဲ့ပါတယ်။

ဂျီအာကိုမာကစ်ဟာ ဒီဆုကို အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီနဲ့ စိန့်လူးဝစ်ကစားသမား လိုဝင်တို့ကို အသာရပြီးရရှိသွားခဲ့တာဖြစ်ပါတယ်။ဂျီအာကိုမာကစ်ဟာ ပွဲဦးထွက်ရာသီမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူတို့နှစ်ဦးကို မဲအသာရပြီး မေဂျာလိဂ်မျက်နှာသစ်အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။

မက်ဆီဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၆ ပွဲသာပါဝင်ကစားထားပေမယ့် ဒီဆုရဲ့နောက်ဆုံးဆန်ကာတင်စာရင်း ၃ ဦးထဲမှာ ပါဝင်ခဲ့တာကြောင့် မေးခွန်းထုတ်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။မက်ဆီဟာ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ပွဲစဉ်အများအပြားကို လွဲချော်ခဲ့တာပါ။

ဒါပေမယ့် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို လိဂ်ဖလားရယူပေးနိုင်ခဲ့ပြီး US Open ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။