ပြင်သစ်လီဂူး

ကစားသမားဘဝ နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြန်တဲ့ မက်‌ဆီ

မက်ဆီဟာ ပီအက်စ်ဂျီအသင်းက နန့်တက်စ်အသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းယူပြီးနောက် ကလပ်ကစားသမားဘ၀ ဂိုးပါဝင်ပတ်သက်မှု ၁၀၀၀ ပြည့်သွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ကလပ်ကစားသမားဘဝသွင်းဂိုး ၇၀၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉၉ ဂိုးရှိခဲ့တာပါ။အဲ့ဒါကြောင့် မက်ဆီဟာ ဂိုးပါဝင်ပတ်သက်မှု ၁၀၀၀ ပြည့်သွားခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ၂၉ ပွဲကစားအပြီးမှာ ၁၈ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။နန့်တက်စ်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် မက်ဆီဟာ စီနီယာကစားသမားဘဝသွင်းဂိုး ၇၉၉ ဂိုးအထိရှိသွားခဲ့တာပါ။

အဲ့ဒါကြောင့် မက်ဆီဟာ နောက်ထပ်တစ်ဂိုးသွင်းယူနိုင်ခဲ့ရင် သွင်းဂိုး ၈၀၀ နဲ့ စံချိန်တစ်ခုကိုလည်း ရယူနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် မကြာသေးခင်က ချီးမြှင့်ခဲ့တဲ့ ဖီဖာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။ဒါ့အပြင် ဘောလွန်းဒီအောဆုရဖို့အတွက်လည်း တစ်ပေးခြင်းခံနေရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်အရေးကြီးပွဲကစားရမှာဖြစ်တာကြောင့် မက်ဆီအနေနဲ့ အသင်းကို နောက်တစ်ဆင့်တက်နိုင်အောင် ကူညီပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။