Premier League

အက်စတွန်ဗီလာနဲ့အတူ ၂၀၂၄ ခုနှစ်ကိုအလွန်စိတ်လှုပ်ရှားနေတယ်လို့ ဆိုခဲ့တဲ့ အူနှိုင်းအမ်မရီ

အက်စတွန်ဗီလာအသင်းဟာ ဘန်လေအသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ်တူ အဆင့် ၂ နေရာမှာရပ်တည်ကာ ၂၀၂၃ ကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီရာသီမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားပေမယ့် နည်းပြ အူနှိုင်းအမ်မရီကတော့ အသင်းဟာ အခုထက်ပိုမိုကောင်းမွန်အောင် လုပ်နိုင်တယ်ဆိုတာ ယုံကြည်မှုရှိနေတာပါ။အက်စတွန်ဗီလာအသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း အိမ်ကွင်းပွဲစဉ်တွေမှာ မန်စီးတီးအသင်းထက်တောင် ရမှတ်ပိုပြီးစုဆောင်းထားနိုင်ခဲ့ပါတယ်။

အူနှိုင်းအမ်မရီက “ကျနော်တို့မှာ ကောင်းမွန်တဲ့ကစားသမားတွေရှိပြီး ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် ကျနော်တို့ကိုယ်တိုင်ချမှတ်ထားတဲ့ အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေဟာ အောင်မြင်နိုင်မှာပါ။ကျနော်တို့ရဲ့အတွေးအခေါ်တွေက အမြဲတမ်းတိုးတက်နေပါတယ်”

FILE PHOTO: Soccer Football – Premier League – Aston Villa v Burnley – Villa Park, Birmingham, Britain – December 30, 2023 Aston Villa manager Unai Emery reacts Action Images via Reuters/John Sibley

“ဒီနှစ်ဟာ ကျနော်တို့အတွက်တကယ်ကို အံ့သြစရာကောင်းတဲ့နှစ်ဖြစ်ခဲ့ပေမယ့် လာမယ့်နှစ်အတွက် အလွန်စိတ်လှုပ်ရှားနေပါတယ်။ကျနော်တို့ဟာ ထိပ်ဆုံး ၄ သင်းထဲဝင်ရောက်ဖို့ ကြီးမားတဲ့ပြိုင်ဘက်မဟုတ်ပေမယ့် ပွဲစဉ် ၃၀ ဒါမှမဟုတ် ၃၂ မှာ ဒီနေရာအတိုင်းဆက်ပြီးရှိနေမယ်ဆိုရင်တော့ ဒါဟာ ကျနော်တို့အတွက် အခွင့်အရေးတွေဖြစ်လာမှာပါ”လို့ ဆိုခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ လာမယ့်အပတ်မှာ FA ဖလားပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ