Premier League

မိမိက ယူနိုက်တက်ကို ဦးဆောင်ဖို့ မှန်ကန်တဲ့သူလို့ ဆိုခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ အဲရစ်တန်က သူဟာ ယူနိုက်တက်အသင်းကို ဦးဆောင်ဖို့ မှန်ကန်တဲ့သူလို့ပြောခဲ့ပါတယ်။

Soccer Football – Premier League – Nottingham Forest v Manchester United – The City Ground, Nottingham, Britain – December 30, 2023 Manchester United’s Bruno Fernandes looks dejected after the match Action Images via Reuters/Lee Smith

မန်ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၉ ပွဲအထိ ကြုံတွေ့ထားခဲ့ပြီး ပြိုင်ပွဲအားလုံးမှာ ရှုံးပွဲက ၁၄ ပွဲအထိရှိသွားခဲ့တာပါ။ယူနိုက်တက်အသင်းအတွက်တော့ ဒီရှုံးပွဲကြောင့် အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းနဲ့ ၉ မှတ်ကွာဟသွားခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခက်တွေ့သွားပြီဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ဦးဆောင်နိုင်မယ်လို့ ယုံကြည်မှုတွေရှိနေသေးတာပါ။အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်နိုင်တယ်ဆိုတာ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပြသပြီးသားပါ။ကျနော်ကတော့ အသင်းဟာ တိုးတက်မှုတွေရှိလာနိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိပါတယ်”

“ကျနော်တို့ဟာ မနှစ်က စွမ်းဆောင်ရည်ကောင်းခဲ့ပေမယ့် ဒီနှစ်မှာတော့ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ပိုကောင်းအောင်လုပ်ရမှာပါ။ကျနော်ဟာ ဒီလုပ်ငန်းစဉ်ကို ဦးဆောင်ရမှာပါ။ဒဏ်ရာရနေတဲ့ ကစားသမားတွေပြန်ကောင်းလာရင် အသင်းဟာ ပိုပြီးအားကောင်းလာမယ်ဆိုတာ ကျနော်သိတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ