Premier League

ချယ်လ်ဆီးနဲ့ စပါးပစ်မှတ် အန်ဆုဖာတီ ဘရိုက်တန်ထံအငှားနဲ့ ပြောင်းရွှေ့မည်

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား အန်ဆုဖာတီဟာ ဘရိုက်တန်အသင်းထံ အခုနှစ်ရာသီအကုန်ထိအငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

အစောပိုင်းက အန်ဆုဖာတီကို ခေါ်ယူဖို့ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ကစားသမားက ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။စပိန်ကြယ်ပွင့်ကစားသမားဟာ နည်းပြဒီဇာဘီရဲ့ကစားဟန်ကို သဘောကျတာကြောင့် ဘရိုက်တန်အသင်းကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

ဘရိုက်တန်အသင်းဟာ အန်ဆုဖာတီကို ရာသီအကုန်ထိသာ အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်မပါဝင်တာကြောင့် ကစားသမားဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဘာစီလိုနာအသင်းထံ ပြန်လာရမှာဖြစ်ပါတယ်။ဘရိုက်တန်အသင်းဟာ အငှားစာချုပ်အတွက် အန်ဆုဖာတီရဲ့လုပ်ခလစာအများအပြားကို ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အန်ဆုဖာတီဟာ ဘာစီလိုနာနည်းပြ ဇာဗီရဲ့လက်အောက်မှာ ပုံမှန်ကစားခွင့်ရဖို့ ခက်ခဲနေတာကြောင့် ပုံမှန်ကစားခွင့်ရနိုင်မယ့် အသင်းထံ အငှားနဲ့ပြောင်းရွှေ့ပြီး သူ့ရဲ့ခြေစွမ်းတွေကို သက်သေပြချင်နေတာပါ။အန်ဆုဖာတီဟာ ဘရိုက်တန်အသင်းနဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့ ဒီနေ့မှာ အင်္ဂလန်ကို လာရောက်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ