Premier League

ယူနိုက်တက်ကစားသမားတွေကို မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ တိုက်တွန်းခဲ့တဲ့ အဲရစ်တန်ဟတ်

ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် ယူနိုက်တက်ကစားသမားတွေအနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိကြောင်း ပြသဖို့ နည်းပြ အဲရစ်တန်ဟတ်က တိုက်တွန်းလိုက်ပါတယ်။

ယူနိက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲလည်းပျောက်ဆုံး၊ ဂိုးလည်းမသွင်းနိုင်ဖြစ်နေပြီး အဆိုးရွားဆုံးစံချိန်တွေကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကလည်း အသင်းအတွက် နိုင်ပွဲနဲ့ ဝေးကွာစေခဲ့တာပါ။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဂိုးမသွင်းနိုင်ရင်တောင် အသင်းရဲ့ဇာတ်ကောင်စရိုက်၊ ကိုယ်ရည်ကိုယ်သွေးတွေကို ပြသရမှာဖြစ်ပြီး ပြန်လည်တိုက်ပွဲဝင်ရမှာပါ။ကျနော်တို့ဟာ ဒီပွဲမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ဝက်စ်ဟမ်းကို ဘာအခွင့်အရေးမှ ပေးခဲ့တယ်လို့ မထင်ပါဘူး။ကျနော်တို့ ကောင်းမွန်တဲ့ အခွင့်အရေး ၃ ခုရခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ကျနော်တို့ ပွဲကို ရှုံးနိမ့်ခဲ့ပေမယ့် စွမ်းဆောင်ရည်ကိုတော့ မြင်နေရတယ်လို့”ထင်ကြောင်းဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ၁၉၃၀-၃၁ နောက်ပိုင်း ပထမဆုံးအကြိမ် ခရစ္စမတ်မတိုင်ခင် ပြိုင်ပွဲစုံ ၁၃ ပွဲအရေးနိမ့်ခဲ့တာဖြစ်ပြီး အသင်းအတွက် ဆိုးရွားနေခဲ့တာပါ။ယူနိုက်တက်အသင်းဟာ လာမယ့်ကြားရက်မှာ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ