Premier League

အိုဒီဂတ်လက်ထိဘောမှာ လီဗာပူးလ်ပင်နယ်တီရသင့်တယ်လို့ဝန်ခံခဲ့တဲ့ ဆာလီဘာ

လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းမှာ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် ဂိုးဧရိယာအတွင်း လက်နဲ့ထိခဲ့တဲ့ အဖြစ်အပျက်မှာ လီဗာပူးလ်အသင်း ပင်နယ်တီရသင့်တယ်လို့ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့ ဒီအချိန်မှာ အိုဒီဂတ်ဟာ ဆာလာရဲ့ဘောလုံးလမ်းကြောင်းကို ဂိုးဧရိယာအတွင်း လက်နဲ့ တားဆီးသလိုဖြစ်ခဲ့တာပါ။ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး VAR တာဝန်ရှိသူက ကွင်းလယ်ဒိုင်လူကြီးကို ကွင်းအတွင်းရှိ မော်နီတာမှာ သွားရောက်စစ်ဆေးဖို့ ညွှန်ကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးဟာ ပွဲကိုဆက်ကစားစေခဲ့တဲ့အတွက် လီဗာပူးလ်အသင်း ဂိုးရနိုင်မယ့် အခွင့်အရေးနစ်နာခဲ့ရတာပါ။ဒီအဖြစ်အပျက်ကို အနီးကပ်မြင်တွေ့ခဲ့ရတဲ့ ဆာလီဘာက ဒါကို ပင်နယ်တီပေးသင့်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆာလီဘာက “ဒါကို ပင်နယ်တီပေးရမှာပါ။ပင်နယ်တီလို့ပြောပေမယ့် ကျနော်က ကွင်းလယ်ဒိုင်လူကြီးမဟုတ်တဲ့အတွက် သူတို့ဒါကို လက်ခံရမှာပါ”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ကလည်း ဒီအဖြစ်အပျက်မှာ ပင်နယ်တီပေးဖို့ မပြောခဲ့တဲ့ VAR ဒိုင်လူကြီးကို ဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ