Premier League

ခရစ္စမတ်ကာလမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ၁ ဂိုးစီသရေကျသွားခဲ့ပါတယ်။ဒီပွဲမှာ အာဆင်နယ်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ဂါဘရီရယ်လ်က သွင်းယူခဲ့တာပါ။

လီဗာပူးလ်အသင်းအတွက်ချေပဂိုးကို ဆာလက်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ၂ သင်းစလုံးဟာ ဂိုးပေါက်ကန်သွင်းမှုတွေ အများကြီးပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ကန်သွင်းမှုတွေတော့ နည်းပါးခဲ့တာကြောင့် နိုင်ပွဲနဲ့ဝေးခဲ့တာပါ။အာဆင်နယ်အသင်းကတော့ ဒီပွဲမှာ သရေရလဒ်ရယူနိုင်ခဲ့တာကြောင့် ခရစ္စမတ်ကာလ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၁ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်နေခဲ့တာပါ။လီဗာပူးလ်အသင်းနည်းပြ ကလောပ့်နဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာတို့က ဒီပွဲဟာ တကယ်ကိုကောင်းမွန်တဲ့ ပွဲဖြစ်ခဲ့ပြီး သရေရလဒ်က မျှတတယ်လို့ ပွဲအပြီး မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

လာမယ့်ကြားရက်မှာပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဘန်လေ၊ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ