Premier League

ယူနိုက်တက်ကို ခရစ္စမတ်မှာ မပျော်ရွှင်နိုင်အောင်လုပ်ပေးခဲ့တဲ့ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲစဉ်တစ်ပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာမှာ ဝက်စ်ဟမ်းအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက်ဂိုးတွေကို ဒုတိယပိုင်းမှာ ဘိုဝင်နဲ့ ကူဒက်စ်တို့က သွင်းယူခဲ့တာပါ။ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ယူနိုက်တက်အသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့် ဂါနာချိုအသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းဘက်ကို ဖိအားပေးမှုနည်းသွားခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ဖိအားပေးမှုတွေပဲ ကြုံတွေ့ခဲ့ရတာပါ။

အဲ့ဒါကြောင့်လည်း ဘိုဝင်က ဦးဆောင်ဂိုးသွင်းပြီး သိပ်မကြာခင်မှာ ကိုဘီမိုင်နူးရဲ့အမှားကနေ ကူဒက်စ်က ဝက်စ်ဟမ်းအသင်းအတွက်နောက်ထပ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကတော့ ဒီရှုံးပွဲကြောင့် ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်ဂိုးလည်းမသွင်းနိုင်၊ နိုင်ပွဲလည်းပျောက်ဆုံးခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၆ နေရာတက်နိုင်ခဲ့ပြီး ယူနိုက်တက်အသင်းက အဆင့် ၈ နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ