Premier League

ရှက်ဖီးယူနိုက်တက်နဲ့အတွေ့မှာ စံချိန်ကောင်းတစ်ခုရပ်တန့်ခံလိုက်ရတဲ့ အက်စတွန်ဗီလာ

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေတဲ့ အက်စတွန်ဗီလာအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ၁ ဂိုးစီသရေကျသွားခဲ့တာဖြစ်ပါတယ်။

ဗီလာအသင်းဟာ ဒီပွဲမှာ အနိုင်မရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာတက်လှမ်းနိုင်မယ့် မျှော်လင့်ချက်ကို လက်လွှတ်ခဲ့ရသလို အခုနှစ် ဖေဖော်ဝါရီလကတည်းက ဗီလာပါ့ခ်မှာ တင်ထားခဲ့တဲ့ စံချိန်ကောင်းတစ်ခုလည်း ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။ဗီလာအသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲတွေမှာ မန်စီးတီးနဲ့ အာဆင်နယ်ကို အနိုင်ယူထားတာပါ။

ဒါပေမယ့် အက်စတွန်ဗီလာအသင်းရဲ့အိမ်ကွင်း ၁၅ ပွဲဆက်တိုက်အနိုင်ရတဲ့စံချိန်ဟာ အဆင့် ၁၉ နေရာက ရှက်ဖီးယူနိုက်တက်အသင်းနဲ့အတွေ့မှာ ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ဗီလာအတွက်တော့ ဒီလိုစံချိန်မှတ်တမ်းကောင်းတစ်ခုရပ်တန့်ခံလိုက်ရတာဟာ သူတို့အတွက် စိတ်ပျက်စရာဖြစ်မှာ အသေအချာပါပဲ။

ဗီလာအသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ကြားရက်ထဲမှာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ