Premier League

ယူနိုက်တက်က ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်မယ့်အသင်းလို့ ပြောလိုက်တဲ့ အဂူရို

မန်စီးတီးအသင်းတိုက်စစ်မှူးဟောင်း အဂူရိုက ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းဖြစ်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးနေပေမယ့် အဂူရိုကတော့ ဒီအသင်းဟာ ထိပ်ဆုံးအဆင့်အတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ပြောခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက ပရီးမီးယားလိဂ်ပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပေမယ့် ဒီဇင်ဘာလမှာ ကစားတဲ့ ပွဲတွေမှာတော့ ၁ ပွဲသာအနိုင်ရထားတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၁၁ မှတ်အကွာ အဆင့် ၇ နေရာမှာရပ်တည်နေတာပါ။အဂူရိုက “ရာသီတစ်ဝက်တောင်မရောက်သေးတဲ့အချိန်မှာ ယူနိုက်တက်ကို လျှော့တွက်လို့မရပါဘူး။သူတို့ဟာ မန်စီးတီးရဲ့ပရီးမီးယားလိဂ်ဆုဖလားအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအသင်းတွေထဲက တစ်သင်းပါ”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံရရှိပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေပေမယ့် အဂူရိုကတော့ အာဆင်နယ်အသင်းကို ချန်ပီယံစာရင်းထဲမထည့်ဘဲ သူတို့ရဲ့မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ကို စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အဂူရိုက “ပိုစတီကိုဂလူးလက်အောက်မှာ တိုးတက်နေတဲ့ စပါးအသင်းကို ပရီးမီးယားလိဂ်ဆုအတွက် ပြိုင်ဘက်စာရင်းထဲ ထည့်သွင်းရမှာပါ။ဒီရာသီမှာ အတက်အကျရှိနေတဲ့ နယူးကာဆယ်အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်ဖို့ အမြဲတမ်းတိုက်ပွဲဝင်နေတာကြောင့် အခွင့်အရေးရှိတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ