Premier League

ကာရာဘောင်းဆီမီးတက်ပြီးနောက် ကစားသမားတွေကို ပိုချက်တီနိုချီးကျူး

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက နယူးကာဆယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကာရာဘောင်းဖလားဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပြီးနောက် အသင်းကစားသမားတွေကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲစဉ်ရဲ့၁၆ မိနစ်မှာတင် ဝီလ်ဆင်ရဲ့သွင်းဂိုးနဲ့ နယူးကာဆယ်အသင်းရဲ့ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ၉၂ မိနစ်မှာ ထရစ်ပီယာရဲ့ဘောလုံးထိန်းသိမ်းပုံမသေသပ်ခဲ့တာကြောင့် မူဒရစ်က ချယ်လ်ဆီးအတွက် ချေပဂိုးသွင်းယူခဲ့တာပါ။အဲ့ဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့ ဖြစ်လာခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ ချယ်လ်ဆီးအသင်းက ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာပါ။ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အသင်းအတွက် ကံကောင်းခြင်းတွေရောက်ရှိလာခဲ့ပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ကျနော်တို့ဟာ အမှားကနေ ဂိုးပေးရပြီးနောက်မှာ ပွဲကိုအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။တစ်ပွဲလုံးခြုံကြည့်ရင် ကျနော်တို့အတွက် အနိုင်ရလဒ်ထိုက်တန်ပြီး အဆုံးထိယုံကြည်ခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ဘောလုံးမှာ ကံကောင်းမှုအချို့လိုအပ်ပေမယ့် အမြဲတမ်းကြိုးစားနိုင်မှသာ ကံကောင်းခြင်းတွေက ရောက်ရှိလာတက်ပါတယ်။ဒီအခြေအနေတွေက အံ့မခန်းပါပဲ”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ