Premier League

၀က်စ်ဟမ်းနဲ့ပွဲမှာ ဟက်ထရစ်မသွင်းနိုင်လို့ မပျော်ရွှင်ဘူးဆိုတဲ့ ဆာကာ

ဝက်စ်ဟမ်းအသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဆာကာက ဒီပွဲမှာ ဟက်ထရစ်ဂိုးမသွင်းယူနိုင်ခဲ့တာကြောင့် မပျော်ရွှင်ဘူးလို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်အသင်းကစားသမားဘ၀ သွင်းဂိုး ၅၀ ပြည့်သွားခဲ့တဲ့ ဆာကာဟာ ၁၉၇၈ က စတပ်လီတန်နောက်ပိုင်း အာဆင်နယ်ကစားသမားဘ၀ သွင်းဂိုး ၅၀ ပြည့်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာပါ။ဒီလိုစံချိန်မှတ်တမ်းရခဲ့ပေမယ့် ဆာကာကတော့ ဒီထက်ဂိုးပိုပြီးမသွင်းနိုင်ခဲ့လို့ စိတ်ပျက်နေတာဖြစ်ပါတယ်။

ဆာကာက”ပထမပိုင်းမှာ ကျနော်တို့ ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပြီး ကျနော်ကိုယ်တိုင်အပါအဝင် ကျနော်တို့ နောက်ထပ်ဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့သင့်တယ်လို့ထင်ပါတယ်။ ဒါပေမယ့်လည်း ရိုးရိုးသားသားပြောရရင် သွင်းဂိုး ၅၀ ပြည့်သွားခဲ့လို့ ပျော်ရွှင်ပါတယ်။ဒါပေမယ့် ဒီနေ့ပျော်ရွှင်နိုင်မလားဆိုတာ မသေချာပါဘူး။ကျနော်ဟာ ဂိုးသွင်းနိုင်မယ်လို့ထင်ခဲ့တဲ့ အခွင့်အရေးအချို့ကို လွဲချော်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

၂၀၁၈-၁၉ ရာသီမှာ အာဆင်နယ်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဆာကာဟာ အခုဆိုရင် ပွဲပေါင်း ၂၁၀ ပါဝင်ကစားထားအပြီးမှာ ၅၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ