Premier League

ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးဖန်တီးမှုအများဆုံးနောက်ခံလူဖြစ်ခဲ့တဲ့ အာနိုးလ်

လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်ဟာ လီဗာပူးလ်အသင်းက ဘန်လေအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးဖန်တီးမှုအများဆုံးနောက်ခံလူဖြစ်လာခဲ့ပါတယ်။

အာနိုးလ်ဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းဖော် ဂျိုတာရဲ့သွင်းဂိုးကို ဖန်တီးပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၅၈ ကြိမ်ရှိသွားခဲ့ပြီဖြစ်တာပါ။အဲ့ဒါကြောင့် အာနိုးလ်ဟာ လီဗာပူးလ်အသင်းဖော် ရောဘတ်ဆန်ရဲ့ဂိုးဖန်တီးမှု ၅၇ ကြိမ်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အာနိုးလ်ဟာ ခြေစွမ်းတွေပြသနေပေမယ့် ဘန်လေအသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာကို ပြန်ခံစားခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာပါ။လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ကတော့ အာနိုးလ်ရဲ့ဒဏ်ရာကို စမ်းသပ်မှုတွေပြုလုပ်ရမှာဖြစ်ပြီး အရမ်းကြီးဆိုးရွားမယ်လို့ မထင်ကြောင်းပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘန်လေအသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာကို ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁ ပွဲပိုကစားကာ ၂ မှတ်အသာရနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ