Premier League

VAR မရှိရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေမယ့် ဗီလာ

ဒီရာသီမှာသာ VAR နည်းစနစ်မရှိဘူးဆိုရင် အက်စတွန်ဗီလာအသင်းဟာ ပရီးမီယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေမှာဖြစ်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

အက်စတွန်ဗီလာအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၃ မှတ်ကွာဟနေတာပါ။ဒါပေမယ့် VAR သာမရှိရင် အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေမှာ ဖြစ်ပါတယ်။

BIRMINGHAM, ENGLAND – DECEMBER 22: Match Referee Anthony Taylor checks the Video Assistant Referee screen before disallowing the first goal scored by Leon Bailey of Aston Villa during the Premier League match between Aston Villa and Sheffield United at Villa Park on December 22, 2023 in Birmingham, England. (Photo by Catherine Ivill/Getty Images)

လေ့လာမှုအရ VAR သာမရှိရင် အက်စတွန်ဗီလာအသင်းဟာ နောက်ထပ် ၄ မှတ်ရရှိမှာလို့ သိရတာပါ။အက်စတွန်ဗီလာအသင်းဟာ သွင်းဂိုးတွေပယ်ဖျက်ခံခဲ့ရတဲ့ ဘုန်းမောက်နဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ပွဲစဉ်မှာ သရေရလဒ်အစား နိုင်ပွဲတွေရယူနိုင်မှာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ပွဲမှာ VAR အငြင်းပွားမှုကြုံတွေ့ခဲ့ရပေမယ့် VAR မပါဝင်လည်း သူတို့ရဲ့ရမှတ်က ပြောင်းလဲခြင်းမရှိတာပါ။

ချယ်လ်ဆီးအသင်းဟာ လက်ရှိအဆင့် ၁၀ နေရာမှာရပ်တည်နေပေမယ့် VARသာ မရှိရင် သူတို့ဟာ နောက်ထပ်အဆင့် ၂ ဆင့်ထပ်ပြီးကျသွားမယ်လို့ The Sun က ဖော်ပြထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ