Premier League

ဘန်လေနဲ့ပွဲမှာ မန်စီးတီးအတွက်ခြေစွမ်းပြခဲ့တဲ့ အယ်လ်ဗားရက်ဇ်ကို ဂွာဒီယိုလာချီးကျူး

ဘန်လေအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို နည်းပြ ဂွာဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ အယ်လ်ဗားရက်ဇ်ဟာ ဒီပွဲမှာသွင်းယူတဲ့ ၂ ဂိုးကြောင့် ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးအထိရှိသွားခဲ့ပြီး မနှစ်ကရာသီကသွင်းဂိုးကို မှီဖို့ ၂ ဂိုးသာကွာတော့တာဖြစ်ပါတယ်။အယ်လ်ဗားရက်ဇ်ဟာ တိုက်စစ်မှူး ဟာလန်းမပါဝင်နိုင်တဲ့အချိန်မှာ မန်စီးတီးအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးဦးဆောင်ပြီး ခြေစွမ်းပြသနေတာပါ။

အယ်လ်ဗားရက်ဇ်ဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အယ်လ်ဗားရက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာက”သူ့ရဲ့အသက်အရွယ်၊ပရီးမီးယားလိဂ်ကိန်းဂဏန်းတွေနဲ့ အသင်းအတွက်လုပ်ပေးခဲ့တဲ့အရာတွေကို ကြည့်ရင် မယုံနိုင်စရာပါပဲ။သူဟာ မက်ဆီ၊ဒီမာရီယာ၊အန်ဇိုတို့နဲ့ တွဲကစားနေတဲ့ ကမ္ဘာ့ချန်ပီယံပါ။မင်းသာ မကောင်းဘူးဆိုရင် ဒီလိုအသင်းမှာ ကစားနိုင်မှာမဟုတ်ပါဘူး။သူဟာ မတူညီတဲ့ နေရာ ၃ နေရာမှာကစားနိုင်ပြီး တကယ်ကိုကောင်းတဲ့သူပါ”လို့ဆိုခဲ့ပါတယ်။

အယ်လ်ဗားရက်ဇ်ဟာ မန်စီးတီးအသင်းအတွက် ၈၁ ပွဲပါဝင်ကစားထားပြီး ၃၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ