International

ပီလီနဲ့ ပတ်သက်ပြီး မပြီးပြည့်စုံသေးတဲ့အရာကို ထပ်ဖြည့်ပေးခဲ့တဲ့ နေမာ

နေမာကတော့ သူတို့ရဲ့ ဘရာဇီးလ်ဂန္တဝင် ပီလီကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းကို ရေးသားခဲ့ကာ လိုအပ်နေတဲ့ အရာကိုပါ ထပ်ပြီးဖြည့်သွားခဲ့တာဖြစ်ပါတယ်။

ပီလီဟာ ဒီဇင်ဘာလ ၂၉ ရက်က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီဖြစ်တာပါ။ပီလီဟာ ကမ္ဘာပေါ်မှာ ကမ္ဘာ့ဖလားဆု ၃ ကြိမ်ရယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီလီရဲ့ ဘရာဇီးလ်သွင်းဂိုး ၇၇ ဂိုးအရေအတွက်ကို လိုက်မှီခဲ့တာပါ။နေမာက “ပီလီမတိုင်ခင် ၁၀ ဆိုတာက နံပတ်တစ်ခုအနေနဲ့ပဲ ရှိတာပါ။ဒါကို ဖတ်ခဲ့ဖူးတာဖြစ်ပြီး စာကြောင်းက လှပေမယ့် မပြီးပြည့်စုံပါဘူး”

“ကျွန်တော်ပြောချင်တာက ပီလီမတိုင်ခင်မှာ ဘောလုံးဆိုတာ အားကစားတစ်ခုအနေနဲပဲရှိခဲ့တာပါ။ပီလီဟာ အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘောလုံးကို အနုပညာအဖြစ်ရော၊ ဖျော်ဖြေရေးအဖြစ်ပါ ပြောင်းခဲ့တာပါ”

“သူဟာ ဆင်းရဲတဲ့သူတွေ၊လူမည်းတွေ၊ အများစုကတော့ ဘရာဇီးလ်ကို မြင်နိုင်စွမ်းရှိအောင်လုပ်ပေးခဲ့ပါတယ်။သူသွားပြီဆိုပေမယ့် သူ့ရဲ့ မှော်ပညာတွေကတော့ ကျန်နေပါသေးတယ်။ပီလီဟာ ထာဝရရှိနေပါသေးတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို