International

မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဘောလွန်းဒီအောအများကြီးရတာက မိမိရဲ့အမှားကြောင့်လို့ ဘာလော့တယ်လီပြော

ဘာလော့တယ်လီဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဘောလွန်းဒီအောဆုအများကြီးရတာနဲ့ ပတ်သက်ပြီး ကွယ်လွန်သွားခဲ့တဲ့ အေးဂျင့်ရွိုင်အိုလာက သူ့ကို အပြစ်တင်တာကို သဘောတူခဲ့ပါတယ်။

ဘာလော့တယ်လီဟာ အရည်အသွေးရှိ ကစားသမားဖြစ်ပေမယ့် သူ့ရဲ့ဆိုးသွမ်းတဲ့ စရိုက်လက္ခဏာကြောင့် မျှော်မှန်းသလိုဖြစ်မလာခဲ့ရတာပါ။ဘာလော့တယ်လီဟာ အင်တာမီလန်နဲ့ မန်စီးတီးအသင်းတို့မှာ အောင်မြင်မှုတွေရခဲ့ပြီး အီတလီလက်ရွေးစင်အတွက်လည်း ခြေစွမ်းပြနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဘာလော့တယ်လီဟာ ဆွဇ်ဇာလန်ကလပ် ဆီယွန်အသင်းထံ ရောက်ရှိနေပြီး အီတလီနည်းပြ မန်စီနီကလည်း သူ့ကို လက်ရွေးစင်အသင်းမှာ ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။ဘာလော့တယ်လီကတော့ သူ့ရဲ့ကြိုးစားအားထုတ်မှုအားနည်းခဲ့လို့ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦး ဘောလွန်းဒီအောပိုရခဲ့တာလို့ ပြောခဲ့ပါတယ်။

ဘာလော့တယ်လီက “ရွိုင်အိုလာက အမြဲတမ်းကျွန်တော့်ကို ဒီလိုပဲပြောခဲ့ပါတယ်။မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဘောလွန်းဒီအောဆုအများကြီးရခဲ့မယ်ဆိုရင် မင်းရဲအမှားပဲ။သူပြောတာမှန်ပါတယ်။ကျွန်တော်က မကြာခဏဆိုသလို ကျွန်တော့်စွမ်းဆောင်ရည်ရဲ့၂၀ ရာခိုင်နှုန်းလောက်ပဲ ကစားတာ”လို့ ပြောခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ ဘောလွန်းဒီအောဆုကို ၇ ကြိမ်ရထားပြီး ရော်နယ်ဒိုက ၅ ကြိမ်ရရှိထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို