International

ပေါ်တူဂီနည်းပြသစ်နဲ့ တွေ့ပြီး လက်ရွေးစင်အနာဂတ်အတွက် ဆွေးနွေးခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ လက်ရွေးစင်အနာဂတ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က ပေါ်တူဂီနည်းပြသစ် ရော်ဘတ်တိုမာတီးနတ်ဇ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ပြောင်းခဲ့တာကြောင့် ဆော်ဒီမှာအခြေစိုက်နေတာဖြစ်ပြီး မာတီးနတ်ဇ်ကလည်း စပိန်စူပါဖလားပွဲကြည့်ဖို့ ဆော်ဒီကို ရောက်ရှိလာခဲ့တာပါ။အဲ့ဒါကြောင့် သူတို့နှစ်ဦးဟာ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပွဲက စိတ်ပျက်စရာအဖြစ်အပျက်တွေကိုမေ့ပြီး လက်ရွေးစင်အတွက် ဆက်ကစားဖို့ရှိနေတာပါ။ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာ အရန်ခုံမှာထိုင်ခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ်ကစားခဲ့ရလို့ စိတ်ပျက်နေခဲတာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြသစ် မာတီးနတ်ဇ်ကတော့ ရော်နယ်ဒိုကို အဓိကကစားသမားအဖြစ် ဆက်ပြီးသုံးဖို့ရှိနေတာပါ။

ပေါ်တူဂီအသင်းဟာ မတ်လထဲမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် လက်ချင်စတိန်း၊လူဇင်ဘတ်တို့နဲ့ ကစားဖို့ရှိနေပြီး ရော်နယ်ဒိုပါဝင်ခွင့်ရဖို့ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို