International

မက်ဆီကို အနီးကပ်မြင်တွေ့ခွင့်ရဖို့ ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ်ပရိသတ်များ

အာဂျင်တီးနားအသင်းဟာ ဖီဖာခြေစမ်းပွဲကစားဖို့ ဇွန်လအတွင်းမှာ ဘင်္ဂလားဒေ့ရှ်လာရောက်ဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဇီဆာလာဟူဒင်က ပြောလိုက်တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အမာခံအားပေးခဲ့ကြတာပါ။သူတို့ရဲ့ အားပေးပုံတွေဟာ ကမ္ဘာမီဒီယာတွေပေါ်မှာ ပျံနှံခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို နိုင်ငံအတွင်း ခေါ်ဆောင်ဖို့ ဆွေးနွေးမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာခဲ့တာကြောင့် ခြေစမ်းပွဲဖြစ်မြောက်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ကာဇီဆာလာဟူဒင်က “ဘင်္ဂလားဒေ့ရှ်ကို လာရောက်မယ့် အာဂျင်တီးနားအသင်းရဲ့ ခရီးစဉ်ဟာ အပြီးသတ်လုနီးပါးဖြစ်နေပါပြီ။ဖီဖာရဲ့ နိုင်ငံတကာပွဲစဉ်တွေကစားဖို့ သတ်မှတ်ထားတဲ့ ဇွန်လထဲမှာ လာမယ်လို့ သူတို့က ကျနော်တို့ကို အကြောင်းကြားထားပါတယ်အရာအားလုံး အဆင်ပြေရင်တော့ သူတို့လာမယ်ဆိုတာ ပြောလို့ရတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

LUSAIL CITY, QATAR – DECEMBER 18: Lionel Messi of Argentina celebrates with the FIFA World Cup Qatar 2022 Winner’s Trophy on Sergio ‘Kun’ Aguero’s shoulders after the team’s victory during the FIFA World Cup Qatar 2022 Final match between Argentina and France at Lusail Stadium on December 18, 2022 in Lusail City, Qatar. (Photo by David Ramos – FIFA/FIFA via Getty Images)

အာဂျင်တီးနားအသင်း ဘင်္ဂလားဒေ့ရှ်ကို နောက်ဆုံးလာရောက်ခဲ့တာက ၂၀၁၁ စက်တင်ဘာလ ၆ ရက်ကဖြစ်ပြီး နိုင်ဂျီရီးယားအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို