အာဂျင်တီးနားနည်းပြ စကာလိုနီက ဘာစီလိုနာကစားသမား ပီဒရီကို ကမ္ဘာ့ချန်ပီယံအသင်းအတွက် ကစားနိုင်စေဖို့ ပတ်စ်ပို့ပေးချင်တယ်လို့ပြောလိုက်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီကတော့ ပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့တာပါ။
အာဂျင်တီးနားနည်းပြ စကာလိုနီဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂါဗီနဲ့ ပီဒရီတို့ကို ရွေးချယ်ခိုင်းခံခဲ့ရတာဖြစ်ပါတယ်။စကာလိုနီကတော့ ပီဒရီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
စကာလိုနီက ” ပီဒရီကို အာဂျင်တီးနားပတ်စ်ပို့ပေးချင်ပါတယ်။သူကတော့ ကစားမလားဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ သူ့ကို ရွေးချယ်သွားမှာပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့တဲ့ ပီဒရီဟာ ဘာစီလိုနာအတွက်ရော စပိန်အတွက်ပါ ခြေစွမ်းပြသနေပြီး အဓိကကစားသမားတစ်ဦးအဖြစ် ပွဲစဉ်တွေမှာ ပါဝင်နေရတာဖြစ်ပါတယ်။