International

ဘယ်လ်ဂျီယံနည်းပြရာထူးကို စိတ်ဝင်စားနေတဲ့ ပီယာလို

ဂျူဗင်တပ်စ်နည်းပြဟောင်း ပီယာလိုဟာ လစ်လပ်နေတဲ့ ဘယ်လ်ဂျီယံအသင်းနည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

၂၀၂၁ က ဂျူဗင်တပ်စ်ကနေ ထွက်ခွာခဲ့တဲ့ ပီယာလိုဟာ တူရကီကလပ် ကာရာဂူမာရတ်ခ်အသင်းကို လက်ရှိအချိန်မှာ ကိုင်တွယ်နေတာပါ။လက်ရှိအချိန်မှာ မာတီးနတ်ဇ်က ဘယ်လ်ဂျီယံကနေ ထွက်ခွာခဲ့တာကြောင့် အီတလီကစားသမားဟောင်းဟာ ဒီရာထူးကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ပီယာလိုဟာ ဒီနည်းပြရာထူးကို စိတ်ဝင်စားနေတဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်တယ်လို့ ဒတ်ချ်သတင်းစာ HLN က ဖော်ပြခဲ့တာပါ။မကြာသေးခင်က နည်းပြတွေဟာ လစ်လပ်နေတဲ့ နေရာအတွက် ဘယ်လ်ဂျီယံဘောလုံးအကြီးအကဲထံ သူတို့ရဲ့ CV တွေကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

Fatih Karagumruk’s Italian head coach Andrea Pirlo attends a training session at Turkish Football Federation’s (TFF) facilities in Istanbul, on July 27, 2022. – A year after being sacked by Juventus in the wake of a disappointing first season in charge, Italy great Andrea Pirlo is aiming to relaunch his coaching career on the banks of the Bosphorus with unfashionable Istanbul club Fatih Karagumruk. (Photo by Yasin AKGUL / AFP) (Photo by YASIN AKGUL/AFP via Getty Images)

ဒီထဲမှာ ပီယာလိုလည်း ပါဝင်တယ်လို့ သိရတာပါ။ဒါပေမယ့် အောင်မြင်မှုရယူထားနိုင်ခြင်း နည်းပါးပြီး နည်းပြအတွေ့အကြုံလည်း သိပ်မရှိတာကြောင့် ဒီရာထူးကို ရယူနိုင်ဖို့တော့ ခက်ခဲတယ်လို့ သိရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မာတီးနတ်ဇ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ အွန်နရီက ဘယ်လ်ဂျီယံနည်းပြရာထူးကို ရယူနိုင်ဖို့ ရေပန်းစားနေပြီး လူကာကူအပါအဝင် ကစားသမားတချို့က ထောက်ခံပေးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို