International

ပြင်သစ်လက်ရွေးစင်ကနေ အနားယူခဲ့ပြီဖြစ်တဲ့ ဟူဂိုလိုရစ်

ပြင်သစ်လက်ရွေးစင်ဂိုးသမား ဟူဂိုလိုရစ်ဟာ အသက် ၃၆ နှစ်အရွယ်မှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ၃ ပတ်အကြာမှာ ဟူဂိုလိုရစ်က ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။

ဟူဂိုလိုရစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ချန်ပီယံဆုရယူခဲ့ရာမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

လိုရစ်က “ကျွန်တော်ဟာ အရာအားလုံးကို ပေးခဲ့ပြီးပြီလို့ ခံစားရတာကြောင့် နိုင်ငံတကာကစားသမားဘဝကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ယူရိုခြေစစ်ပွဲမစတင်ခင်မှာ ဒါကို ကြေညာဖို့ အရေးကြီးတယ်”လို့ ထင်ကြောင်းပြောခဲ့ပါတယ်။

လိုရစ်ဟာ ၂၀၀၈ နိုဝင်ဘာလက ဥရုဂွေးနဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အတွက် စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၄၅ ပွဲပါဝင်ကစားခဲ့ပါတယ်။သူဟာ အသင်းခေါင်းဆောင်အဖြစ် ပြင်သစ်အသင်းကို ၁၂၁ ပွဲအထိ စံချိန်တင် ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို