International

မော်ရင်ဟိုက ဘရာဇီးလ်နည်းပြဖြစ်လာမှာလို့ ဆိုလိုက်တဲ့ ကစားသမားဟောင်း

မော်ရင်ဟိုဟာ ဘရာဇီးလ်အသင်းနည်းပြဖြစ်လာမှာဖြစ်လို့ လက်ထောက်နည်းပြကိုတောင် ရှာဖွေနေပြီလို့ ပေါ်တိုကစားသမားဟောင်း ကားလို့စ်အယ်လ်ဘာတိုက ပြောလိုက်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအပြီးမှာ နည်းပြဖြစ်သူ တီထီနဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေနေတာဖြစ်ပြီး ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ နည်းပြဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။

ကားလို့စ်အယ်လ်ဘာတိုက “မော်ရင်ဟိုက ဘရာဇီးလ်အသင်းနည်းပြသစ် ဖြစ်လာနိုင်ပါတယ်။ဒါကို ကျွန်တော် လုူသိရှင်ကြားချပြတာပါ။သူက ကျွန်တော့်ကို လက်ထောက်နည်းပြလုပ်ဖို့တောင် ခေါ်ထားတာပါ”လို့ ဆိုခဲ့ပါတယ်။

မော်ရင်ဟိုဟာ ပေါ်တူဂီနည်းပြရာထူးအတွက်လည်း ရေပန်းစားခဲ့ပေမယ့် ပေါ်တူဂီအသင်းဟာ ဘယ်လ်ဂျီယံနည်းပြဟောင်း မာတီးနတ်စ်ကို ခန့်အပ်ဖို့ ရှိနေတာကြောင့် ဘရာဇီးလ်နည်းပြသစ်အဖြစ် ပိုပြီး ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

ရိုးမားနဲ့ မော်ရင်ဟိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး အီတလီကလပ်ကတော့ မော်ရင်ဟိုကို ထွက်ခွာခွင့်မပေးချင်တာဖြစ်ပါတယ်။ဒါကြောင့် မော်ရင်ဟိုဟာ ဘရာဇီးလ်နည်းပြသစ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို