International

Laureus တစ်နှစ်တာအကောင်းဆုံးဆုကို ဒုတိယအကြိမ်မြောက်ရရှိခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ အတွက် ချီးမြှင့်တဲ့ Laureus ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

PARIS, FRANCE – MAY 08: Lionel Messi poses with his Laureus World Sportsman of the Year 2023 award during the Winners Walk at the 2023 Laureus World Sport Awards Paris at Cour Vendome on May 08, 2023 in Paris, France. (Photo by Pascal Le Segretain/Getty Images for Laureus)

အားကစားလောကရဲ့ဂုဏ်သိက္ခာရှိတဲ့ ဒီဆုကို မက်ဆီဟာ ဒုတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ က ပထမတစ်ကြိမ်ရယူနိုင်ခဲ့တာပါ။မက်ဆီဟာ ဒီဆုကို ရရှိတဲ့ တစ်ဦးတည်းသော ဘောလုံးသမားလည်း ဖြစ်ခဲ့ပါတယ်။

အခုနှစ်အတွက်ပေးအပ်တဲ့ ဒီဆုပေးပွဲမှာ မက်ဆီအပြင် ၂၀၂၂ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းကလည်း တစ်နှစ်တာအကောင်းဆုံးအသင်းဆုကို ရရှိခဲ့ပါတယ်။အဲ့ဒါကြောင့် မက်ဆီဟာ တစ်ဦးချင်းဆုနဲ့ အသင်းလိုက်ဆုရရှိတဲ့ ပထမဆုံးအားကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့တာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့လို့ ဘောလွန်းဒီအောဆုရယူနိုင်ဖို့လည်း ရေပန်းစားနေပြီး တစ်ဦးချင်းဆု အများအပြားကို ထပ်ပြီး သိမ်းပိုက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

မက်ဆီဟာ မကြာသေးခင်က ဆော်ဒီခရီးစဉ်ကြောင့် ပီအက်စ်ဂျီနဲ့ အဆင်မပြေမှုတွေရှိခဲ့ပေမယ့် အခုအကြိမ်မှာတော့ တောင်းပန်မှုပြုလုပ်ပြီးနောက် လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို