International

ပွဲမကန်ရမယ့်အတူ လေ့ကျင့်ခန်းလုပ်ရင်း အယ်လ်နာဆာအသင်းကို အားပေးခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ပြီးနောက် ကလပ်အသင်းပထမဆုံးကစားတဲ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ ပထမပိုင်းမှာ အသင်းရဲ့VIP box ထဲမှာ ကြည့်ရှုနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ အဲ့ဒီနေရာမှာ မရှိတော့ဘဲ အသင်းရဲ့ အဝတ်လဲခန်းထဲရောက်သွားခဲ့တာပါ။

သူဟာ စက်ဘီးစီးလေ့ကျင့်ခန်းပြုလုပ်ရင်းနဲ့ အသင်းကို အားပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အယ်လ်နာဆာအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ တယ်လီစကာက အသင်းအတွက် ဂိုးသွင်းတဲ့ အချိန်မှာ လေ့ကျင့်မှုပြုလုပ်ရင်းနဲ့ လက်ခုပ်တီးပြီး အားပေးနေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်က ပွဲပယ်ပြစ်ဒဏ် ၂ ပွဲကြောင့် အသင်းသစ်အတွက် ပွဲထွက်ခွင့်မရသေးပေမယ့် အသင်းနဲ့အတူ ပွဲကိုလိုက်ပါခဲ့ပြီး အားပေးမှုပြုလုပ်သွားခဲ့တာပါ။

ဈဈဍ္ဎ

ရော်နယ်ဒိုဟာ ပွဲပယ်ကြောင့် အယ်လ်နာဆာအသင်း နောက်ထပ်ကစားမယ့် ပွဲစဉ်တစ်ပွဲကိုလည်း လွဲချော်ဦးမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ခြေစမ်းမယ့် ဆော်ဒီလိဂ်ရဲ့ အကောင်းဆုံးအသင်းဘက်မှာ ပါဝင်ပြီး ပွဲထွက်နိုင်တယ်လို့တော့ သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို