International

၆ နှစ်အကြာမှ ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ၁ နေရာကို ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား

ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဖီဖာက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁ နေရာကို ရောက်ရှိလာခဲ့ပြီး ဒါဟာ ၆ နှစ်အကြာမှ သူတို့အတွက် ပထမဆုံးအကြိမ် ဒီနေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း ပနားမားနဲ့ ကူရာကာအိုတို့ကို အနိုင်ရယူနိုင်ခဲ့တာပါ။

FILE PHOTO: Soccer Football – International Friendly – Argentina v Panama – Estadio Monumental, Buenos Aires, Argentina – March 23, 2023 Argentina’s Lionel Messi and team mates celebrate with their families and World Cup trophies after the match REUTERS/Agustin Marcarian

အဲ့ဒါကြောင့် ဘရာဇီးလ်ကို ကျော်တက်ပြီး အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့အဆင့် ၁ နေရာကို ရယူနိုင်ခဲ့သလို ပြင်သစ်အသင်းဟာ တစ်ဆင့်တက်လာပြီး အဆင့် ၂ နဲ့ ဘရာဇီးလ်ကတော့ အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခွာခဲ့ရပေမယ့် ကမ္ဘာ့အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အင်္ဂလန်က အဆင့် ၅ ၊ နယ်သာလန်က အဆင့် ၆ နဲ့ ခရိုအေးရှားက အဆင့် ၇ နေရာမှာရပ်တည်နေပါတယ်။

အီတလီ၊ပေါ်တူဂီနဲ့ စပိန်တို့ကတော့ ၈ ၊ ၉နဲ့ ၁၀ နေရာတွေမှာ အစဉ်လိုက်ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို