International

၂၄ နာရီအတွင်း ကြည့်ရှူသူ ၁၇ သန်းရှိခဲ့တဲ့ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာပထမဆုံးဂိုး

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပွဲဦးထွက်မကစားရသေးပေမယ့် သူ့ရဲ့ပွဲဦးထွက်သွင်းဂိုးဆိုတဲ့ ဗီဒီယိုတစ်ခုကို တင်ပြီးနောက် Youtube ဟာ ကြည့်ရှူသူ သန်းပေါင်းများစွာကို လှည့်ဖျားခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ မကြာသေးခင်ရက်ပိုင်းကမှ အယ်လ်နာဆာပရိသတ်တွေ ရှေ့မှောက်မှာ ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့တာပါ။ရော်နယ်ဒိုဟာ မနေ့က ကစားဖို့ စီစဉ်ထားတဲ့ အယ်လ်တာအီနဲ့ ပွဲမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီပွဲကို ၂၄ နာရီကြာ ရွှေ့ဆိုင်းခဲ့တာပါ။ဒါပေမယ့် ရော်နယ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို ပါဝင်နိုင်ဖွယ်မရှိသလို ကစားသမားစာရင်းမှာလည်း မထည့်သွင်းရသေးဘူးလို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ပွဲဦးမထွက်ရသေးပေမယ့် Youtube အသုံးပြုသူတစ်ဦးက ဆော်ဒီကလပ်အတွက် ပထမဆုံးဂိုးသွင်းယူလိုက်တယ်ဆိုတဲ့ ဟိုက်လိုက်ဗီဒီယိုကို တင်ခဲ့တာပါ။

ပရိသတ်တွေက ဒီဗီယိုကို ဝင်ကြည့်ခဲ့ရာမှာ ၂၄ နာရီအတွင်း စံချိန်တင် ၁၇ သန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။ပရိသတ်တစ်ဦးက “အခုအင်တာနက်ပေါ်မှာ လူတွေက ဘာမဆိုယုံကြည်ကြတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို