ပြီးခဲ့တဲ့ ၂၀၂၁ က အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားရယူနိုင်ခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းက သူ့ကို စာချုပ်သက်တမ်းတိုးမယ်လို့ ထင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဲ့ဒီတုန်းက မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီလို့ သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဘဏ္ဍာရေးဆိုင်ရာအကြောင်းပြချက်တွေနဲ့ သက်တမ်းမတိုးနိုင်ခဲ့ပဲ ကစားသမားဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။
အဂွေရိုက “ကိုပါအမေရိကပြိုင်ပွဲအတွင်းမှာ မက်ဆီဟာ ဘာစီလိုနာဂျာစီကို ကျွန်တော်တို့ရဲ့အခန်းထဲယူလာခဲ့ပါတယ်။၃ ရက်တိုင်းတစ်ကြိမ် ဘာစီလိုနာက သူ့ကို စာချုပ်သက်တမ်းတိုးမယ်လို့ ထင်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါတယ်”

“တရားဝင်ကြေညာရင် ကျွန်တော့်ကို ဓါတ်ပုံရိုက်ပေးရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ကျွန်တော်တို့တွေက အချိန်တိုင်းအဆင်သင့်ဖြစ်ခဲ့ပေမယ့် ဒါက ဖြစ်မလာခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်က ဘာစီလိုနာအသင်းထံ ပြန်လာဖို့ အခွင့်အရေးရခဲ့ပေမယ့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။မက်ဆီဟာ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအတွက် ၃ ပွဲကစားအပြီးမှာ ၅ ဂိုးသွင်းယူထားပါတယ်။