International

မန်စီနီရဲ့ ပြောစကားကြောင့် လက်ရွေးစင်တံခါးပိတ်သွားပြီဖြစ်တဲ့ ဘာလော့တယ်လီ

အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေမှာ နာမည်ကြီးတဲ့ ဘာလော့တယ်လီဟာ အီတလီလက်ရွေးစင်အသင်း မှာ ပြန်လည်အရွေးခံရဖို့ မျှော်လင့်နေပေမယ့် နည်းပြ မန်စီနီရဲ့ ပြောစကားကြောင့် ကစားသမားရဲ့ မျှော်လင့်ချက်တွေဟာ အဆုံးသတ်သွားရဖို့ရှိနေပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဘာလော့တယ်လီဟာ အီတလီလက်ရွေးစင်အသင်းအတွက် ၃၆ ပွဲပါဝင်ကစားထားပြီး ၁၄ ဂိုးသွင်းယူထားတာပါ။ဘာလော့တယ်လီ ခြေစွမ်းပိုင်းကောင်းမွန်ပေမယ့် ပြဿနာ ပြုလုပ်တက်တဲ့ အမူအကျင့်ကြောင့် လက်ရွေးစင်အသင်းနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဘာလော့တယ်လီဟာ တိုက်စစ်မှူးကောင်းတွေရှားပါးနေတဲ့ အီတလီအသင်းမှာ ပြန်လည်အရွေးခံရဖို့ မျှော်လင့်နေတာပါ။မန်စီနီနဲ့ ဘာလော့တယ်လီတို့ဟာ အင်တာမီလန်နဲ့ မန်စီးတီးအသင်းတို့မှာ အတူလက်တွဲခဲ့ကြတာဖြစ်ပါတယ်။

မန်စီနီဟာ အီတလီလက်ရွေးစင်အသင်းမှာလည်း ဘာလော့တယ်လီကို ၃ ပွဲပါဝင်ကစားစေခဲ့ပါတယ်။ဘာလော့တယ်လီက သူ့ရဲ့ အတွေးထဲမှာရှိနေလားလို့ သတင်းထောက်က မေးတဲ့တဲ့အချိန်မှာ မန်ချီနီက “သူ့ရဲ့ အခန်းဟာ ပိတ်သွားပါပြီ”လို့ ဖြေခဲ့ပါတယ်။

အီတလီအသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ ပွဲမှာ အာဂျင်တီးနားဖွား ရီတီဂွီကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပြီး သူကလည်း ၂ ပွဲစလုံးဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို