International

ကျနော်က ထာ၀ရအကောင်းဆုံးကစားသမားပဲလို့ ထပ်ပြောလိုက်တဲ့ ရော်နယ်ဒို

အယ်လ်နာဆာတိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒိုက သူဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့အရာကို ထုတ်ဖော်ပြောဆိုဖို့အတွက် ဘယ်တုန်းကမှ တွန့်ဆုတ်မနေခဲ့တဲ့ ရော်နယ်ဒိုဟာ သူက အကောင်းဆုံးကစားသမားဆိုတာကို အလေးအနက်ထား ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

Goal Arab နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက “ကျနော်က ဘောလုံးသမိုင်းတလျှောက်အကောင်းဆုံးကစားသမားပဲ” လို့ ပြောဆိုသွားခဲ့တာဖြစ်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ယူရိုခြေစစ်ပွဲတွေမှာ ၄ ဂိုးအထိ သွင်းယူခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ဒီတပတ်မှာ အယ်လ်နာဆာအတွက် ကစားပေးဖို့ ရှိနေပါတယ်။

အယ်လ်နာဆာအတွက် ရော်နယ်ဒိုက ၉ ဂိုးသွင်းယူပေးထားကာ ၂ ကြိမ်ဖန်တီးပေးထားပြီး စုစုပေါင်း ၁၀ ပွဲသာ ကစားထားရသေးတာဖြစ်ပါတယ်။

ဆော်ဒီလိဂ်မှာ ရော်နယ်ဒိုက ခြေစွမ်းပြနေတယ်လို့ ဆိုရမှာဖြစ်ပြီး သူ ရောက်ရှိလာပြီးနောက်မှာ ပရိသတ်စိတ်ဝင်စားမှုပါ မြင့်တက်လာခဲ့လို့ ဆော်ဒီအားကစားဝန်ကြီးကိုယ်တိုင်က သူ့ကို ချီးကျူးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ ကစားသမားဘ၀က အနားယူဖို့အတွက် မစဉ်းစားသေးဘဲ သူ ကစားနိုင်တဲ့အချိန်ထိ ကစားဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။ နိုင်ငံတကာသွင်းဂိုးအများဆုံးရရှိထားသူအဖြစ် စံချိန်တင်ထားတဲ့ ရော်နယ်ဒိုက ပေါ်တူဂီနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ပါ အားခဲနေပြီး သူ တကယ်ပဲ လုပ်နိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို