Laliga

ဗီနီစီးယက်စ်က ရီးရယ်လ်ကို ချစ်လို့ ထွက်မှာမဟုတ်ဘူးလို့ ဆိုခဲ့တဲ့ အန်ဆယ်လော့တီ

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လူမျိုးရေးခွဲခြားခံရပြီးနောက် လာလီဂါကို စိတ်ပျက်နေတဲ့ ဗီနီစီးယက်စ်ဟာ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ပွဲမှာ လူမျိုးရေးခွဲခြားခံရပြီးနောက် လာလီဂါပြိုင်ပွဲက လူမျိုးရေးခွဲခြားတဲ့ ပြိုင်ပွဲလို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဗီနီစီးယက်စ်ဟာ...
Laliga

ကမ္ဘာကျော်တွေရှိခဲ့တဲ့ လာလီဂါပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားမှုက ပုံမှန်လိုဖြစ်နေပြီလို့ ဆိုခဲ့တဲ့ ဗီနီစီးယက်စ်

ရီးရယ်လ်အသင်းကြယ်ပွင့်ကစားသမား ဗီနီစီးယက်စ်ဟာ ဗလင်စီယာအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီးနောက် စပိန်လာလီဂါပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားမှုက ပုံမှန်လိုဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။ ဗီနီစီးယက်စ်ဟာ ဒီပွဲမှာ ဗလင်စီယာပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုခံခဲ့ရတာကြောင့် အိမ်ရှင် ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပွဲကို မိနစ်အတော်ကြာရပ်နားခဲ့ရတာပါ။ဗီနီစီးယက်စ်ဟာ...
Laliga

အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြောလာတဲ့ EPL ကလပ်တွေရဲ့ပစ်မှတ် ဂါဗီ

စပိန်ကြယ်ပွင့်ကစားသမား ဂါဗီကို ခေါ်ယူဖို့ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေပေမယ့် သူကတော့ ဘာစီလိုနာအသင်းမှာပဲ ဆက်နေချင်တယ်လို့ ပြောခဲ့ပါတယ်။ ဂါဗီနဲ့ ဘာစီလိုနာအသင်းတို့ဟာ ကာလကြာရှည်စာချုပ်ချုပ်ထားပေမယ့် လာလီဂါမှာ မှတ်ပုံတင်လို့မရတာကြောင့် ဥရောပကလပ်အသင်းအများအပြားက ဂါဗီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။ဘာစီလိုနာအသင်းဟာ...
Laliga

ဘာစီလိုနာဆိုတာ မက်ဆီရဲ့အိမ်ပဲလို့ အသင်းထံပြန်လာဖို့ ဆွဲဆောင်လိုက်တဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက အခုနွေရာသီမှာ တိုက်စစ်မှူးဟောင်း မက်ဆီကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ဘာစီလိုနာဆိုတာ မက်ဆီရဲ့အိမ်ပဲလို့ ပြောခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။...
Laliga

အောင်ပွဲတောင် အပြည့်အဝမခံရဘဲ ကမန်းကတန်းထွက်ပြေးခဲ့ရတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အက်စ်ပန်ညိုအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ၂၇ ကြိမ်မြောက် လာလီဂါဆုဖလားကို ရယူလို့ ကွင်းလယ်စက်ဝိုင်းမှာ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြို့ခံပြိုင်ဘက် အက်စပန်ညိုပရိသတ်တွေဟာ ဒေါသထွက်နေပြီး ကွင်းထဲကို ဝင်ရောက်လာပြီး...
Laliga

၂၀၁၈-၁၉ ရာသီနောက်ပိုင်း ပထမဆုံးလာလီဂါဆုဖလားကို ဘာစီလိုနာရယူ

ဘာစီလိုနာအသင်းဟာ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူပြီး ၂၀၁၈-၁၉ ရာသီနောက်ပိုင်း ပထမဆုံးလာလီဂါဆုဖလားကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာအတွက်ဂိုးတွေကို လီဝန်ဒေါစကီးက ၂ ဂိုး၊ ဘယ်လ်ဒီနဲ့ ကွန်ဒေးတို့က ၁...
Laliga

၁၈ နှစ်ကြာရှိခဲ့တဲ့ ဘာစီလိုနာကနေ ရာသီအကုန်မှာ ထွက်ခွာတော့မယ့် ဘတ်စ်ကွက်စ်

ဘာစီလိုနာအသင်းခေါင်းဆောင် ဘတ်စ်ကွက်စ်ဟာ ၁၈ နှစ်ကြာကစားခဲ့တဲ့ အသင်းကနေ အခုရာသီအကုန်မှာ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ၂၀၀၅ ကတည်းက ဘာစီလိုနာလူငယ်အသင်းဆီရောက်ရှိလာခဲ့တဲ့ ဘတ်စ်ကွက်စ်ဟာ နည်းပြ ဂွာဒီယိုလာလက်အောက် ၂၀၀၈ မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ အဓိက...
Laliga

ချန်ပီယံလိဂ်ဖလားမတိုင်ခင် ကိုပါဒယ်ရေးဖလားရယူနိုင်ခဲ့တဲ့ ရီးရယ်လ်မက်ဒရစ်

ရီးရယ်လ်အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ အိုဆာဆူနာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးရယ်လ်အတွက် ၂ ဂိုးစလုံးကို ရိုဒရီဂိုက သွင်းယူခဲ့တာဖြစ်ပြီး အိုဆာဆူနာအတွက် ချေပဂိုးကို...
Laliga

မက်ဆီ ပြန်လာလည်း ဘာစီလိုနာ ချန်ပီယံလိဂ်ဖလားရမှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဂူတီ

ရီးရယ်လ်ကစားသမားဟောင်း ဂူတီက မက်ဆီနဲ့ပဲဖြစ်ဖြစ်၊ မက်ဆီမရှိရင်ပဲဖြစ်ဖြစ် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဖလားရမှာမဟုတ်လို့ မက်ဆီအနေနဲ့ ဘာကာဆီပြန်မလာဖို့ ပြောလိုက်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်လို့ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ထင်ကြေးတွေပိုပြီးမြှင့်တက်လာခဲ့တာပါ။ဘာစီလိုနာအသင်းကလည်း မက်ဆီကို ခေါ်ယူဖို့ လာလီဂါနဲ့ ဆွေးနွေးမှုတွေတောင်...
Laliga

ရီးရယ်လ်ကိုပြန်ဖို့ ချိတ်ဆက်နေတဲ့သတင်းတွေကို ငြင်းခဲ့တဲ့ ကူဘို

ဂျပန်ကြယ်ပွင့်ကစားသမား ကူဘိုက လာမယ့်ရာသီ ရီးရယ်လ်အသင်းကို ပြန်သွားဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ ကူဘိုဟာ ရီးရယ်လ်အသင်းမှာ ကစားခွင့်မရတာကြောင့် အငှားနဲ့ ထွက်နေရပြီး အခုနှစ်ရာသီမှာတော့ ဆိုစီဒက်အသင်းထံ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာပါ။ရီးရယ်လ်နည်းပြ အန်ဆယ်လော့တီကတော့ အသင်းဟာ ကူဘိုကို ပြန်ခေါ်ယူဖို့...