Uncategorized

မိမိဘဝရဲ့အကောင်းဆုံးညတွေထဲက တစ်ညလို့ ယူရိုပါလိဂ်ဖလားရပြီးနောက် ဆိုခဲ့တဲ့ လွတ်ခ်မန်း

အတ္တလန်တာအသင်းက လေဗာကူဆင်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အတ္တလန်တာအသင်းအတွက် ဟက်ထရစ်သွင်းပြီးခြေစွမ်းပြသနိုင်ခဲ့တဲ့ လွတ်ခ်မန်းက သူ့ဘ၀ရဲ့အကောင်းဆုံးညတွေထဲက တစ်ညလို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

လွတ်ခ်မန်းဟာ ဒီပွဲမှာ ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲသမိုင်းမှာ ပထမဆုံးဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။လွတ်ခ်မန်းရဲ့ခြေစွမ်းပြသမှုကြောင့် လေဗာကူဆင်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ၅၁ ပွဲဆက်တိုက်ရှုံးပွဲမရှိသေးတဲ့ စံချိန်လည်း ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

အတ္တလန်တာအသင်းဟာ အသင်းရဲ့နှစ်ပေါင်း ၁၁၇ နှစ်ကြာသမိုင်းမှာ ပထမဆုံးဥရောပဖလားကို ရယူနိုင်ခဲ့ပြီး ဆုဖလားရယူနိုင်ဖို့ နှစ်ပေါင်း ၆၁ နှစ်ကြာစောင့်ဆိုင်းခဲ့ရတာကိုလည်း အဆုံးသတ်နိုင်ခဲ့တာပါ။လွတ်ခ်မန်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လွတ်ခ်မန်းက “ကျနော့်ဘ၀ရဲ့အကောင်းဆုံးညတွေထဲက တစ်ညပါ။အသင်းဟာ အံ့ဩစရာကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့​ပြီး ကျနော်တို့လုပ်နိုင်ခဲ့ပါတယ်။ဒီနေ့မှာ ကျနော်တို့သမိုင်းကို ဖန်တီးနိုင်ခဲ့ပါတယ်”လို့ဆိုခဲ့ပါတယ်။

လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ အတ္တလန်တာအသင်းနဲ့အတူ ရှုံးပွဲကြုံတွေ့ခဲ့သလို ပြီးခဲ့တဲ့ အာဖရိကဖလားဗိုလ်လုပွဲမှာ နိုင်ဂျီးရီးယားအသင်းနဲ့အတူ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။တတိယအကြိမ်ဗိုလ်လုပွဲမှာတော့ လွတ်ခ်မန်းဟာ ကံကောင်းခဲ့ပြီး အတ္တလန်တာအသင်းနဲ့ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol