Uncategorized

လောင်းကစားဈေးကွက်ကို ဂယက်ထအောင်လုပ်ခဲ့တဲ့ ပါကွီတာကို FA စွဲချက်တင်

ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ပါကွီတာဟာ ၂၀၂၂ နဲ့၂၀၂၃ အတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ အဝါကတ်ရရှိအောင် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တယ်လို့ FA က စွပ်စွဲပြီး လောင်းကစားစည်းမျဉ်းချိုးဖောက်မှုနဲ စွဲချက်တင်ခဲ့ပါတယ်။

ပါ‌ကွီတာဟာ ဒီလိုအဝါကတ်တွေရယူကာ သူကိုယ်တိုင် ဒါမှမဟုတ် သူ့မိသားစု၊သူ့မိတ်ဆွေတွေကို ကစားခိုင်းကာ လောင်းကစားကနေ ငွေကြေးအမြတ်အစွန်းတွေရရှိအောင် ပြုလုပ်တယ်ဆိုပြီး FA ရဲ့စွဲချက်တင်ခြင်းကို ခံခဲ့ရတာပါ။FA ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပါကွီတာရဲ့ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေခဲ့တာဖြစ်ပါတယ်။

ပါကွီတာကတော့ FA ရဲ့စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ပြောထားတာပါ။FA ဟာ ဇွန်လ ၃ ရက်နောက်ဆုံးထားပြီး ဖြေရှင်းဖို့ ပါကွီတာကို ပြောထားတာဖြစ်ပါတယ်။ပါကွီတာအနေနဲ့ FA ရဲ့စွပ်စွဲချက်အတိုင်း ပြုလုပ်ခဲ့ရင် ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းကို ခံရမှာဖြစ်ပါတယ်။

ပါကွီတာဟာ ကိုပါအမေရိကပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းလူစာရင်းမှာ ရွေးချယ်ခံထားရတာကြောင့် မကြာခင်မှာ နိုင်ငံအသင်းနဲ့ သွားရောက်ပူးပေါင်းသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol