EURO 2024

အင်္ဂလန်လူစာရင်းမှာ ဂရီလစ်ရှ်မပါလို့ ကြေကွဲနေတဲ့ ကမ္ဘာ့ဖလား Sexiest Fan အိုင်ဗာနာ

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကြီးခဲ့တဲ့ Sexiest Fan အိုင်ဗာနာက ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းမှာ ဂရီလစ်ရှ်မပါဝင်ဘူးဆိုတဲ့ သတင်းကြားခဲ့ရပြီးနောက် ကြေကွဲခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ခရိုအေးရှားအလှမယ်ဟောင်း အိုင်ဗာနာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ နိုင်ငံရဲ့ဝတ်စုံဝတ်ဆင်ကာ ရိုက်ကူးထားတဲ့ သူမရဲ့ပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ပြီးနောက် စိတ်ဝင်စားမှုအများအပြားကို ခံခဲ့ရတာဖြစ်ပါတယ်။အိုင်ဗာနာဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၃ သန်းရှိပြီး အားကစားနယ်ပယ်က နာမည်ကြီးအချို့နဲ့ ဓါတ်ပုံရိုက်ကူးမှုတွေပြုလုပ်ထားတာပါ။

အိုင်ဗာနာက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂရီလစ်ရှ်မပါဝင်တဲ့ အင်္ဂလန်အသင်းကို မြင်တွေ့ရတာ စိတ်ပျက်မိပေမယ့် သူမပါဝင်နိုင်တာက ခရိုအေးရှားအတွက် ကောင်းလိမ့်မယ်လို့ ပြောခဲ့တာပါ။အိုင်ဗာနာက “အင်္ဂလန်ဟာ အကောင်းဆုံးအသင်းကို မရွေးချယ်ခဲ့လို့ စိတ်မကောင်းဖြစ်မိပေမယ့် ခရိုအေးရှားပရိသတ်အနေနဲ့ ကျမပျော်ရွှင်ပါတယ်။ဘတ်ပီလည်းမကစားဘဲ တခြားနာမည်ကြီးတွေလည်း မကစားနိုင်ရင် ကျမတို့အတွက် အခွင့်အရေးကြီးမားတယ်”လို့ The Sun ကို ပြောခဲ့တာပါ။

ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းနဲ့ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းခဲ့ရတာကြောင့် အင်္ဂလန်အသင်းမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။အိုင်ဗာနာရဲ့ခရိုအေးရှားအသင်းဟာ ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ စပိန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး အဖွင့်မလှခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်