Laliga

ယာမဲလ်နဲ့အတူတွဲပြီးကစားချင်တယ်လို့ ဆိုခဲ့တဲ့ သီယာဂိုမက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့သားအကြီးဆုံးဖြစ်တဲ့ သီယာဂိုမက်ဆီက သူဟာ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့် ယာမဲလ်နဲ့အတူတွဲပြီး ကစားချင်တယ်လို့ ဆိုခဲ့ပါတယ်။

သီယာဂိုမက်ဆီဟာ လက်ရှိအချိန်မှာ ဖခင်ဖြစ်သူကစားနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့လူငယ်အသင်းမှာ ပါဝင်ကစားနေတာပါ။သီယာဂိုဟာ သူ့ရဲ့ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေအကြောင်း မေးမြန်းခံခဲ့ရချိန်မှာ ယာမဲလ်နဲ့ တွဲဖက်ပြီးကစားချက်တဲ့အကြောင်းကို ပြောလာခဲ့တာပါ။

သီယာဂိုမက်ဆီက “အဖေကစားနေတာကို ကြည့်ရတာထက် ကစားနေရတာက ပိုပြီးစိတ်လှုပ်ရှားစေပါတယ်။ကျနော်ဟာ ဘယ်ခြေနဲ့ မကောင်းပါဘူး။ကျနော်ဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစားချင်ပါတယ်။ကျနော့်အဖေရဲ့အလှဆုံးသွင်းဂိုးက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်ဘက်ကို ခေါင်းတိုက်ပြီးသွင်းယူတဲ့ဂိုးပါ”

“ကျနော့်ရဲ့ရည်မှန်းချက်က တနေ့မှာ ယာမဲလ်နဲ့အတူ တွဲဖက်ပြီးကစားဖို့ပါ”လို့ ဆိုခဲ့ပါတယ်။ယာမဲလ်ဟာ အသက် ၁၆ နှစ်အရွယ်သာရှိသေးပေမယ့် ဘာစီလိုနာအသင်းမှာရော စပိန်အသင်းမှာပါ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ရိုဒရီကို ရီးရယ်လ်ထံပြောင်းလာဖို့ ကြိုးစားနေတယ်လို့ ဆိုခဲ့တဲ့ ကာဗာဂျဲလ်

ရီးရယ်လ်အသင်းနောက်ခံလူ ကာဗာဂျဲလ်က စပိန်အသင်းဖော် ရိုဒရီကို မန်စီးတီးအသင်းက ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာနိုင်အောင် ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်လူ တိုနီကရူးစ်ဟာ ကစားသမားဘ၀က အနားယူသွားခဲ့တာကြောင့် ရီးရယ်လ်အသင်းဟာ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ရှာဖွေနေတာပါ။ ကာဗာဂျဲလ်ဟာ ရီးရယ်လ်အသင်းလိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက်
Laliga

ရီးရယ်လ်မှာ ကျောနံပတ် ၁၀ ဝတ်ဆင်ဖို့ မတောင်းဆိုခဲ့ဘူးလို့ဆိုခဲ့တဲ့ ဘတ်ပီ

ရီးရယ်လ်အသင်းရဲ့ကစားသမားသစ်အဖြစ် ဘာနေဗျူးကွင်းထဲရှိ ပရိသတ်ပေါင်း ၈ သောင်းကျော်အရှေ့မှာ မိတ်ဆက်ခြင်းခံခဲ့ရတဲ့ ဘတ်ပီက သူဟာ ရီးရယ်လ်အသင်းမှာ ကျောနံပတ် ၁၀ ဝတ်ဆင်ဖို့ မတောင်းဆိုခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ ဘတ်ပီဟာ အသင်းဟောင်း ပီအက်စ်ဂျီအသင်းမှာ ကျောနံပတ် ၇ ဝတ်ဆင်ခဲ့ပြီး