Uncategorized

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ယုံကြည်မှုရှိတယ်လို့ ဆိုခဲ့တဲ့ အလွန်ဆို

လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက မနက်ဖြန်မနက်ပိုင်းမှာ ကစားမယ့် အတ္တလန်တာအသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အတွက် သူတို့ယုံကြည်မှုရှိတယ်လို့ ဆိုခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ ၅၁ ပွဲအထိရှိလာခဲ့ပြီး ဘွန်ဒက်လီဂါဖလားလည်း ရယူထားနိုင်ခဲ့သလို ယူရိုပါလိဂ်နဲ့ ပိုကယ်လ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ရှိနေတာပါ။အဲ့ဒါကြောင့် လေဗာကူဆင်အသင်းဟာ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလား ၃ လုံးရယူနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

အတ္တလန်တာအသင်းကလည်း နှစ်ပေါင်း ၆၁ နှစ်ကြာဆုဖလားနဲ့ ဝေးကွာနေတာကို အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် လေဗာကူဆင်အသင်းအတွက် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမယ်ဆိုတာ သေချာနေတာပါ။ဒါပေမယ့် ဇာဘီအလွန်ဆိုကတော့ ဒီပွဲအတွက် ယုံကြည်မှုရှိတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဇာဘီအလွန်ဆိုက “ကျနော်တို့အာရုံစိုက်ပြီး ပွဲကိုပြင်ဆင်နေကာ ဘာမှပြောင်းလဲမှုမရှိပါဘူး။ကျနော်တို့ ၅၁ ပွဲကစားခဲ့ပြီးပါပြီ၊ ကစားသမားတွေဟာ နားလည်မှုရှိပါတယ်။အခုအချိန်က ကျနော်တို့အကောင်းဆုံးပေးဆပ်ရမယ့်အချိန်ပါ။ဒီလိုအခိုက်အတန့်မျိုးအတွက် တစ်နှစ်ပတ်လုံးပြင်ဆင်ထားပါတယ်။ကစားသမားတွေက အဆင်သင့်ဖြစ်နေပါပြီ။အတ္တလန်တာကိုလေးစားပေမယ့် ဒီပွဲအတွက် ကျနော်တို့ ယုံကြည်မှုရှိတယ်”လို့ ဆိုခဲ့ပါတယ်။

အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီကလည်း လေဗာကူဆင်အသင်းဟာ ပြီးပြည့်စုံတဲ့အသင်းဖြစ်တာကြောင့်သူတို့နဲ့ ရင်ဆိုင်ချိန်မှာ အမြန်ဆုံးလိုက်လျောညီထွေဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol