Uncategorized

ဂွာဒီယိုလာနဲ့ အာတီတာကို အနိုင်ယူပြီး LMA ဆုကိုရယူခဲ့တဲ့ မက်ကန်နာ

အစ်စဝှချ်အသင်းနည်းပြ ကီရန်မက်ကန်နာဟာ လိဂ်မန်နေဂျာများအဖွဲ့ချုပ်(LMA)ပေးတဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ မက်ကန်နာဟာ အစ်စဝှချ်အသင်းကို နှစ်ပေါင်း ၂၂ နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ကို တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာတို့ကို အနိုင်ယူပြီး ဒီဆုကို ရယူနိုင်ခဲ့တာပါ။ဒီဆုရဲ့ဆန်ခါတင်စာရင်းထဲမှာ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်၊ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီနဲ့ ပို့စ်မောက်အသင်းနည်းပြ မော်စင်ဟိုတို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

မက်ကန်နာဟာ အစ်စဝှချ်အသင်းကို မကိုင်တွယ်ခင်မှာ ယူနိုက်တက်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့တာပါ။မက်ကန်နာဟာ အစ်စဝှချ်အသင်းကို လိဂ်ဝမ်းကနေ ချန်ပီယံရှစ်၊ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင်ကိုင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုစွမ်းဆောင်နိုင်မှုကြောင့် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ဘရိုက်တန်အသင်းတို့ဟာ မက်ကန်နာကို နည်းပြအဖြစ်ခန့်အပ်ဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေတာပါ။အဲ့ဒါကြောင့် မက်ကန်နာအနေနဲ့ လာမယ့်ရာသီမှာ အစ်စဝှချ်အသင်းကို စွန့်ခွာသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol