Uncategorized

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ နှစ်ဆက်တိုက်ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ရယူနိုင်ခဲ့တာပါ။ဂွာဒီယိုလာဟာ အခုနှစ်အတွက်ဆုကို အာဆင်နယ်အသင်းနည်းပြ အာတီတာ၊ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီ၊လီဗာပူးလ်အသင်းနည်းပြ ကလောပ့်နဲ့ ဘုန်းမောက်အသင်းနည်းပြ အိုင်ရာအိုလာတို့ကိုအသာရပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ သူဟာ ဒီဆုကို ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့သူတွေအားလုံးနဲ့ မျှဝေချင်တယ်လို့ ဆုလက်ခံရယူအပြီးမှာ ပြောခဲ့ပါတယ်။ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ၅ ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး သူ့ထက်ပိုပြီးဆုရရှိထားတဲ့သူကတော့ ယူနိုက်တက်အသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဖြစ်တာပါ။ဆာအဲလက်စ်ဖာဂူဆန်ဟာ ဒီဆုကို ၁၁ ကြိမ်အထိရယူထားနိုင်ခဲ့ပါတယ်။

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးဆုတွေဖြစ်တဲ့ ကစားသမားဆုကို မန်စီးတီးအသင်းကွင်းလယ်လူ ဖိုဒန်နဲ့ လူငယ်ကစားသမားဆုကို ချယ်လ်ဆီးအသင်းက ကိုးလ်ပါလ်မာက ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol