Uncategorized

ချယ်လ်ဆီးက ထွက်အပြီးမှာ ယူနိုက်တက်နည်းပြဖြစ်လာနိုင်တဲ့စာရင်းထဲ ရောက်လာတဲ့ ပိုချက်တီနို

မကြာသေးခင်ကမှ ချယ်လ်ဆီးအသင်းနဲ့ နှစ်ဦးသဘောလမ်းခွဲခဲ့တဲ့ ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲကို ရောက်ရှိလာခဲ့ပါတယ်။

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ ၊ကာရာဘောင်းဖလားဗိုလ်လုပွဲနဲ့ FA ဖလားဆီမီးဖိုင်နယ်ရောက်ရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုပြုလုပ်အပြီးမှာ ထွက်ခွာဖို့ဖြစ်လာတာပါ။အာဂျင်တီးနားလူမျိုးနည်းပြဟာ ချယ်လ်ဆီးအသင်းက ထွက်ခွာခဲ့ပေမယ့် ယူနိုက်တက်အသင်းနည်းပြရာထူးကို ရယူနိုင်မယ့် အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ဖိအားဒဏ်တွေကို ခံစားနေရပြီး သူ့ရဲ့အနာဂတ်ကို FA ဖလားဗိုလ်လုပွဲအပြီးမှာ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ဖို့ရှိနေတာပါ။ပိုချက်တီနိုဟာ ၂၀၂၂ က အဲရစ်တန်ဟတ် ယူနိုက်တက်အသင်းကို မကိုင်တွယ်ခင်ကတည်းက ဒီအသင်းရဲ့နည်းပြရာထူးကို ရယူနိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အကြီးအကဲဟောင်းတွေဖြစ်တဲ့ ရစ်ချတ်အာနိုးလ်နဲ့ ဂျွန်မာတော့ချ်တို့ဟာ ပိုချက်တီနိုနဲ့ စကားပြောခဲ့ပေမယ့် အဲရစ်တန်ဟတ်ကိုသာ နည်းပြအဖြစ်ခန့်အပ်ခဲ့တာပါ။အခုအချိန်မှာတော့ ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်နိုင်မယ့်အခွင့်အရေးကို ရယူသွားမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol